၂၀၂၀ပြည့်နှစ် သဘာ၀ဘေးအန္တရာယ် (မိုးလို/မိုးခေါင်မှု)ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်သီးနှံများအတွက် ထောက်ပံ့ကြေးငွေပေးအပ်ပွဲကျင်းပ

ငဖဲ ဇွန် ၁၈

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမတွင် မြို့နယ်အတွင်း ၂၀၂၀ပြည့်နှစ် သဘာ၀ဘေးအန္တရာယ် (မိုးလို/မိုးခေါင်မှု)ကြောင့် ထိခိုက် ပျက်စီးခဲ့သည့် သီးနှံများအတွက် တောင်သူများအားထောက်ပံ့ကြေးငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပသည်။

 

ပေးအပ်ပွဲတွင် ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်သိန်းလှိုင် က၂၀၂၀ပြည့်နှစ်မှာတောင်သူများစိုက်ပျိုးသည့်သီးနှံများအမှန်တကယ်ထိခိုက်ပျက်စီးမှုများအတွက် ပေးအပ် ရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးမြင့်သိန်း က သီးနှံထောက်ပံ့ကြေးပေးအပ်မှုဆောင်ရွက်ရခြင်းနှင့် မိုးသီးနှံစိုက်ပျိုးနိုင်ရေးဆောင်ရွက်ရမည့် အခြေအနေ များကို ဆွေးနွေးပြောကြားသည်။

 

ထို့နောက် ၂၀၂၀ပြည့်နှစ် သဘာ၀ဘေးအန္တရာယ် (မိုးလို/မိုးခေါင်မှု)ကြောင့် ထိခိုက်ပျက်စီးခဲ့သော ရပ်ကွက်/ကျေးရွာအုပ်စု (၂၁)အုပ်စုရှိ တောင်သူ (၃၉၈၇)ဦးအတွက် မိုးနှမ်းပျက်စီးဧက (၈၄၈၇)ဧကအတွက် တစ်ဧကလျင် ငွေကျပ် ၅၀၀၀ နှုန်းဖြင့် ထောက်ပံ့ငွေကျပ် (၄၂၄၃၅၀၀၀) နှင့် မိုးမြေပဲပျက်စီးဧက (၁၂)ဧကအတွက် တစ်ဧကလျင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ငွေကျပ် (၃၆၀၀၀၀)၊ စုစုပေါင်း မိုးနှမ်းနှင့်မိုးမြေပဲသီးနှံပျက်စီးဧက (၈၄၉၉)ဧကအတွက် သီးနှံထောက်ပံ့ငွေကျပ် (၄၂၇၉၅၀၀၀) ကို တာဝန်ရှိသူများက တောင်သူများထံပေးအပ်ခဲ့ကြကြောင်းသိရသည်။

 

မယု(ငဖဲ)