ကျောက်တံခါး ဇွန် ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် ကျောက်တံခါးမြို့နယ် မှန်ချောင်းကျေးရွာ၌ အ-ထ-က(ခွဲ) မှန်ချောင်း ဝန်ထမ်းအိမ်ယာ ဆောက်လုပ်နေမှုအခြေအနေအား ယမန်နေ့ နေ့လယ်(၂) နာရီအချိန်က မြို့နယ်တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့်သက်ဆိုင်ရာ တာဝန်ရှိသူ များမှ ၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုဘက်ဂျက် ငွေလုံးငွေရင်းခွင့်ပြုငွေ (၂၂.၂၀)ကျပ်သန်းဖြင့် တင်ဒါအောင် MYAT MIN BO ကုမ္ပဏီမှ တာဝန်ယူတည်ဆောက် နေသော အလျား ၄၀ပေ အနံ ၃၀ ပေရှိ Steel Structure (၁)ထပ် ဝန်ထမ်းအိမ်ယာ ဆောက်လုပ်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရန်၊ အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရန်နှင့် တည်ဆောက်ပြီးစီးမှု အခြေအနေများကို သက်ဆိုင်ရာကော်မတီများမှ မကြာခဏ ကြည့်ရှုစစ်ဆေးရန် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးမှ မှာကြားခဲ့ကြောင်း သိရသည်။