ပုလောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေးနှိုးဆော်

ပုလော ဇွန် ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် မေတ္တာရှင်ပရဟိတအသင်းတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်(၅) ရပ်ကွက်နှင့် ကျေးရွာတစ်ချို့တွင်ပြည်သူများ သိရှိလိုက်နာရမည့် အချက်များ၊ ဆောင်ရန်၊ ရှောင်ရန်များအား နှိုးဆော်အသိပေး ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ နှိုးဆော်အသိပေးဆောင်ရွက်ရာတွင် မိမိတို့မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေ ရေးအတွက် ပြည်သူများအနေဖြင့် အထူးဂရုပြုသွားလာ နေထိုင်ကျရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာချိန်တိုင်း Mask (နှာခေါင်းစည်း) များ စနစ်တကျ တပ်ဆင်သွားကျရန်၊ မလိုအပ်ဘဲ့ လူစုလူဝေးရှိသော နေရာများကို ရှောင်ကျဉ်ရန်၊ လက်ကိုမကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကျရန်စသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကယ်ရေးနည်းလမ်းများနှင့် ပတ်သက်သော ထုတ်ပြန်ချက်များအား လိုက်နာ၍ အချင်းချင်း အသိပေးခြင်း၊ သတိပေးခြင်းများဖြင့် ပူးပေါင်းဆောင်ရွက်ကျရန် လိုက်လံ နှိုးဆော်ခဲ့ကြောင်း သိရသည်။

အေးအေးမော်