မြို့သစ် ဇွန် ၁၈
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် ယမန်နေ့ နံနက်(၈)နာရီကစတင်ပြီး ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းကို မြို့သစ်မြို့ စည်ပင်သာယာစျေးအတွင်းနှင့် စျေးအပြင်ဘက် စာတိုက်လမ်းဆုံတို့တွင် ပြန်လည် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာ ကိုဗစ် - ၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ (မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ) ဦးကျော်ဝင်းထက်က ကြီးကြပ်ပြီး မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက် ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး မြို့တွင်းဝင်ထွက်လျက်ရှိသော မော်တော်ယာဉ်များ ၊ ခရီးသည်များ စျေးရောင်း၊ စျေးဝယ်သူများ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ နှားခေါင်းစည်းများ တပ်ဆင်စေခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းတို့ကို ဆက်လက်ဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။
သန်းဝင်ထွန်း (မြို့သစ်)