ကျွန်းလှ ဇွန် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ဘိုယားတမံ (၁) ရေရှည်ကြံ့ခိုင်ပြီး ရေစိမ့်ယိုမှု ကာကွယ်ရန်အတွက် တာပေါင်ကျောက်ကြီးစီခြင်း လုပ်ငန်းဆောင်ရွက်မှု (၆၀) ရာခိုင်နှုန်း ပြီးစီးကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ သဖန်းဆိပ် ဆည်မှ သိရသည်။
ယင်းတမံကျောက်ကြီးစီခြင်းလုပ်ငန်း အရှည် ၁၈၀၀ ပေ၊ အကျယ် ၂၁ ပေခွဲကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် (၇၀၈) သိန်းဖြင့် တင်ဒါအောင် Sky Architect ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ကြောင်း အင်ဂျင်နီယာဦးမျိုးဇာနည်အောင် ပြောကြားသည်။
အဆိုပါ ကျောက်ကြီးစီခြင်းလုပ်ငန်း သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့် ပြီးစီးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနနှင့် တာဝန်ရှိ သူတို့က ကွင်းဆင်းကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ