နတ်မောက် ဇွန် ၁၈
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့တွင် ကန်ကြီးကန်အတွင်း ရေဝင်ရောက် နိုင်ရန်ရည်ရွယ်ပြီး မြို့မကွက်သစ်ရပ်ကွက်ရှိ မြစည်းခုံလမ်းဖြတ် ကွန်ကရစ်တံတား ဆောက်လုပ်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကွန်ကရစ်တံတားကို နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၂၀-၂၀၂၁ ခုနှစ်၊ ဘဏ္ဍာရေးနှစ်၊ အထွေထွေပိုလျှံရန်ပုံငွေ (၄.၄) ကျပ်သန်းဖြင့် ဆောင်ရွက်ထားခြင်းဖြစ်ပြီး ၊ အလျား ၄၀ ပေ၊ အနံ ၄ ပေ၊ အမြင့်် ၄ ပေ ရှိသည်။ နတ်မောက်မြို့နယ် စည်ပင်သာယာရေး အဖွဲ့အနေဖြင့်် မြို့ပေါ်ရပ်ကွက်များရှိ လမ်း/တံတား များအား မြို့အင်္ဂါရပ်များနှင့်အညီ ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းများကို အဆင့်မြှင့်တင်ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။
သင်းသင်းမြတ်