တနိုင်း ဩဂုတ် ၁၀
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ဆေးဝါးပစ္စည်းများသုံးစွဲမှု အထောက်အကူပြု (RHCLS) သင်တန်းကို ယနေ့နံနက် (၉) နာရီက မြို့နယ်ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
အဆိုပါ သင်တန်းတွင် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်း(၂၁) ဦးအား ဩဂုတ်လ(၁၀)ရက်နေ့မှ ဩဂုတ်လ (၁၂) ရက်နေ့ အထိ(၃)ရက်ကြာ နံနက်(၉)နာရီမှ ညနေ(၄) နာရီခွဲအထိ သင်ကြားပို့ချမည်ဖြစ်သည်။ သင်ကြားပို့ချသည့် သင်ကြားရေးအဖွဲ့ Zenith Technical Resource Initiative မှ ဒေါက်တာ စိုင်းခွမ်မိုင်းနှင့် ဦးအံ့မင်းညိုတို့က မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာအကြောင်း၊ သားဆက်ခြားဆေးတွေ ဘယ်လိုစနစ်တကျ သုံးစွဲခြင်းအကြောင်းနှင့် စာရင်းအင်းပိုင်းကိုလည်း ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝါဝါ(ပြန်/ဆက်)