ငဖဲမြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် ဟောပြောပွဲကျင်းပ

ငဖဲ   ဇွန် ၁၆

 

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး  Community Centre ခန်းမတွင် စာအုပ်စာပေချစ်မြတ်နိုးသူအသင်း(Book Club)နှင့်ပူးပေါင်း၍ အခြေခံ ပညာကျောင်းများမှ ကျောင်းသားကျောင်းသူများအသိပညာဗဟုသုတတိုးပွားစေရန် နှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့်ဖြစ်ပေါ်လာသောဆိုးကျိုးများကိုသိရှိစေရန် ရည်ရွယ်၍ အပြည် ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊စာအုပ်ပြပွဲနှင့် ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က ကျင်းပပြု လုပ်သည်။

 

 

ရှေးဦးစွာ ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်ယုယုသိန်း က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြပွဲများပြုလုပ်ရခြင်းနှင့် မူးယစ်ဆေးဝါးအကြောင်းကိုရှင်းလင်းပြောကြားပြီး မြို့နယ် စာအုပ်စာပေ ချစ်မြတ်နိုးသူအသင်း (Book Club) ဥက္ကဋ္ဌ ဦးသန်းဦး က ဘိန်းဖြစ်ပေါ်လာပုံ၊ မူးယစ်ဆေးဝါးအစဘိန်းက မူးယစ်ဆေးသုံးစွဲရခြင်းအကြောင်းရင်းများ ၊မူးယစ်ဆေးဝါးသုံး စွဲမှုကြောင့် ဖြစ်ပေါ်နိုင်သော စိတ်ပိုင်း ဆိုင်ရာဆိုးကျိုးများနှင့်ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ် ဆေးဝါးအုပ်စု(၅)မျိုးနှင့် စာဖတ်ခြင်း၏ အကျိုး ကျေးဇူး များကို အသီးသီးဆွေးနွေးပြောကြားသည်။

 

 

 

ထို့နောက် ငဖဲမြို့နယ်ပြည်သူ့စာကြည့်တိုက်မှ သုတ၊ ရသစာအုပ်များ၊ စာပေဗိမာန်ဆုရစာအုပ် များဖြင့် စာအုပ်ပြပွဲဆောင်ရွက်ပြီး မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိ ပညာပေး နံရံကပ်စာစောင်များ ၊ပြကွက်များ၊ဓါတ်ပုံများနှင့် မူးယစ်ဆေးဝါးဆိုင်ရာ ကဗျာများ ကိုပြသဆောင်ရွက်ခဲ့ရာ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 

မယု(ငဖဲ)