နတ်မောက်မြို့နယ်အတွင်း  အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား (1404) ဦးအား လူမှုရေးပင်စင် ထောက်ပံ့ကြေးငွေများ ထောက်ပံ့ပေးအပ်သွားမည်

နတ်မောက်  ဇွန်  ၁၆ 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား (1404) ဦးအား လူမှုရေးပင်စင် ထောက်ပံ့ကြေးငွေများ ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်း မြို့နယ်လူမှု ဝန်ထမ်းဦးစီးဌာနက သိရသည်။ 

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဒုတိယ(၃)လပတ်  (ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်) လများအတွက် နတ်မောက်မြို့နယ် အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားဦးရေပေါင်း (1404) ဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ် (၃၀၀၀ဝိ/−) နှုန်းဖြင့် စုစုပေါင်းလူမှုရေးပင်စင် ထောက်ပံ့ကြေး ငွေကျပ် (၄၂၁၂၀၀၀ဝိ/-) အား ရပ်/ကျေး အုပ်စုများအလိုက် ဘိုးဘွားများစာရင်း၊  စာအုပ်များနှင့် အတူ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ထံသို့ လွှဲပြောင်း ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ တစ်ဆင့် ရပ်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ ထပ်မံလွှဲပြောင်းပေးအပ်ပြီး ရပ်/ကျေး အုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာ  ဘိုးဘွား တို့၏ နေအိမ်များသို့ သွားရောက်ပြီး လက်ဝယ်အရောက် ထောက်ပံ့ပေးအပ် သွားမည်ဖြစ်ကြောင်း နှင့် (ဧပြီ၊ မေ၊ ဇွန်) လများအတွက်လည်း ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်၍ စာရင်းများ ကောက်ယူ လျက်ရှိ ကြောင်း နတ်မောက်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

သင်းသင်းဝေ (နတ်မောက်)