စလင်း၊ ဇွန် ၁၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ဇွန်လ ၁၀ ရက်နေ့မှစပြီး မိုးစတင်ရွာသွန်းခဲ့ရာ ထွန်ယက်စိုက်ပျိုးရန်အတွက် မိုးရေလုံလောက်စွာရရှိခဲ့ကြရာ မိုးသီးနှံ များ စတင်စိုက်ပျိုးလျက်ရှိကြောင်း ဒေသခံ တောင်သူများထံမှသိရှိရသည်။
ကျွန်တော်တို့ ငါးသန်ခေါင်းကျေးရွာနှင့် အနီးအနားရှိ ကျေးရွာများမှာ ဇွန်လပိုင်း ၁၀ ရက်နေ့က မိုးစတင်ရွာသွန်းမှုက ထယ်ရေးပြင်ဖြစ်အောင် စိုက်လို့ရအောင်ရွာသွန်းခဲ့သဖြင့် တောင်သူတွေအနေနဲ့ ပဲတီစိမ်း၊ နှမ်းနှင့် မြေပဲတို့ကို စိုက်ပျိုးရန်တွက် နွေကာလထဲက ထယ်ထိုး၊ ထွန်ယက်ထားခဲ့ပြီး မိုးရွာသွန်းတဲ့အချိန်မှာ စိုက်ပျိုးမည့်မြေကို နွားများနဲ့ မွှေနှောက်ကြောင်းဆွဲပြီး မိမိတို့စိုက်ပျိုးလိုသည့် ပဲတီစိမ်း၊ နှမ်း၊ မြေပဲစသည့်သီးနှံများကို ပျံ ကျ ပက်ကျဲ စနစ်မဟုတ်ပဲ ကြောင်းဆွဲစိုက်ပျိုးသည့်စနစ်ကို အသုံးပြု စိုက်ပျိုး ခြင်း ဖြစ်ပါ တယ်၊ ယခုအခါ လယ်ယာလုပ်သားရှားပါးခြင်း၊ လုပ်အားခ နှုန်းများ မြင့်မားခြင်းကြောင့် ကြောင်းဆွဲစနစ်ဖြင့်စိုက်ပျိုးတဲ့အတွက် လုပ်သားအင်အားများစွာမသုံးရခြင်း၊ ပေါင်းမြက် ရှင်းလင်းစရိတ်တို့ သက်သာကြောင်း စလင်းမြို့နယ်အတွင်း နွေသီးနှံများ ဆွတ်ခူး၊ ရိတ် သိမ်းခဲ့ကြပြီး၊ ဇွန်လ ၁၀ ရက်နေ့မှ ယနေ့အထိ မိုးရွာသွန်းခဲ့သဖြင့် မိုးသီးနှံများ စိုက်ပျိုးရန် ပြင်ဆင်နေကြပြီဖြစ်ကြောင်း ငါးသန်ခေါင်းကျေးရွာနေ တောင်သူ ကို ဟန်ဝင်းအောင်ထံ မှ သိရှိရပါသည်။
မောင်လွင်(စလင်း)