မံစီမြို့နယ်၌ Grade - 4 (သင်ရိုးသစ်) နောက်ဆက်တွဲသင်တန်းဖွင့်လှစ်ပို့ချ

မံစီ   ဩဂုတ်  ၁၀

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့ အခြေခံပညာအထက်တန်းကျောင်း(မံစီ)၌ Grade-4 (သင်ရိုးသစ်) နောက်ဆက်တွဲသင်တန်း ယနေ့ နံနက် ၈ နာရီတွင် ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

မံစီမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းပြဆရာ ဆရာမများကို ဇွန်လ (၁၅) ရက်နေ့မှ (၂၁) ရက်နေ့ထိ (၇)ရက်ကြာ ဖွင့်လှစ်ပို့ချခဲ့သည့် Grade - 4(သင်ရိုးသစ်) သင်တန်းတွင် ကျန်းမာရေး မကောင်းခြင်း မီးဖွားခွင့်ခံစားနေခြင်းတို့ကြောင့် သင်တန်းမတက်ရောက်နိုင်ခဲ့သည့် ဆရာ၊ ဆရာမများနှင့် အသစ်ခန့်ထားသည့် PPTT/DTED သင်တန်းဆင်း ဆရာ၊ ဆရာမများကို ပြန်လည် သင်ကြားပို့ချခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ သင်တန်းကို ဩဂုတ်လ ၁၀ ရက်နေ့မှ ၁၅ ရက်နေ့ထိ ၆ ရက်ကြာပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား (၆၂)ဦး တက်ရောက်သွားမည်ဖြစ်ကြောင်းသိရသည်။

ရိန် (ပြန်/ဆက်)