ဝေါမြိုနယ်၌ လေဘေးသင့်ပြည်သူများ ထောက်ပံ့ငွေနှင့် ပစ္စည်းပေးအပ်

ဝေါ ဇွန် ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် စီမံအုပ်ချုပ်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်တွင် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇွန်လ (၁၀)ရက်နေ့တွင် ဝေါမြို့နယ်အတွင်းရှိ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သော အရှေ့ဘက်ကမ်းရပ်ကွက်မှ လူနေအိမ်ပြိုလဲ (၆)လုံး၊ အမိုးလန် (၅)လုံးနှင့် ဇွန်လ (၁၃)ရက်နေ့ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သော ထိန်တပင်ကျေးရွာနှင့် ဘိုးပြန်ကျေးရွာတို့မှ လူနေအိမ် ပြိုလဲ (၈)လုံး၊ အမိုးလန် (၂၀)လုံးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဝင်းမော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဗိုလ်မှူး မျိုးဝင်းအောင်နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေးသင့်ဒေသခံပြည်သူများအား အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာ ဖိုးငွေ (၄၃၄၃၈၀ဝိ/-)နှင့် ပြိုလဲအိမ်များ အတွက် ထောက်ပံ့ပစ္စည်း (၁၈)မျိုးစီ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။

အောင်မြတ်လင်း