ကျောက်ကြီး ဇွန် ၁၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် ကျောက်စရစ်ကျေးရွာ၌ စစ်တောင်းမြစ်ကမ်းပါး ကမ်းထိန်းနံရံ တည်ဆောက်ခြင်းနှင့် ရေလွဲကဒစ်တန်းတည်ဆောက်ခြင်း လုပ်ငန်းများကို မြို့နယ် တာဝန်ရှိသူ များနှင့် သက်ဆိုင်ရာဌာန များမှ ဇွန်လ ၁၄ ရက်နေ့ နံနက် (၁၀) နာရီအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ကျောက်ကြီးမြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေး မှူး၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာများမှ ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ ကျပ်(၄၀၀၆၀၁၅၀)ဖြင့် ပြုလုပ်သည့် ကျောက်စရစ် ကျေးရွာ၌(၁၀၀)ပေ၊ အရှည်(၅)တန်းရှိ စစ်တောင်းမြစ်ကမ်းပါး ကမ်းထိန်းနံရံနှင့် (၅၀)ပေ အရှည်(၁၂)တန်းရှိသော ရေလွဲကဒစ်တန်းတည် ဆောက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
K ခိုင်