ပေါက်ခေါင်း ဇွန် ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့တွင် ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပ ပြုလုပ်ခဲ့သော အစိုးရပါဠိ ပထမ ပြန်စာမေးပွဲတွင် စာအောင်သံဃာတော်များအား အောင် လက်မှတ်နှင့် လှူဖွယ်ဝတ္ထုဆက်ကပ်လှူဒါန်းခြင်း အခမ်း အနားကို ယနေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ပညာဇောတာရုံစာသင်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး မြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ပြီး၊မြို့နယ်စီမံအုပ်ချုပ်ေရးအဖွဲ့ဥက္ကဌ ဦးဖြိုးသူမောင် ကသာသနာရေး ဆိုင်ရာများ တင်ပြလျောက်ထားသည်။ဆက်လက်၍၂၀၂၀ ပြည့်နှစ် အစိုးရ ပါဠိပထမ ပြန်စာမေးပွဲတွင် စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့် လှူဖွယ် ဝတ္ထုများကို မြို့နယ် စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာအကြီးအကဲ များက ဆက်ကပ်လှူဒါန်းခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ရုတ်သိမ်းခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တက်ရောက် ခဲ့ကြ ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)