ပခုက္ကူ ဇွန် ၁၄
ပခုက္ကူခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ လူမှုဝန်ထမ်းဦးစီးဌာနက၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ထောက်ပံ့ကြေး ကျပ်သိန်းသုံးရာကျော် ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်ရှိ ဗုဒ္ဓဘာသာမျက်မမြင်ကျောင်း၊ ဒေါ်ဦးဇွန်းဘိုးဘွားရိပ်သာ၊ ရေစကြိုမြို့နယ်ရှိ ဒေါ်ဦးဘိုးဘွားရိပ်သာ၊ မြိုင်မြို့နယ်ရှိ ရွက်စွယ်တော်မြိုင် ဘိုးဘွားရိပ်သာ၊ ပေါက်မြို့နယ်ရှိ ချောင်းကူးပရဟိတဂေဟာနှင့် မင်္ဂလာရာမ ပရဟိတ ဂေဟာများသို့ ထောက်ပံ့ကြေးငွေကျပ်၃၄၉၀၈၀၀၀-ကို ဇွန်လ၉ရက် နံနက်၈နာရီက ပခုက္ကူခရိုင် လူမှုဝန်ထမ်း ဦးစီးဌာန ရုံး၌ပေးအပ်ခဲ့ကြောင်းသိရသည်။
ဇော်(အဝေးသင်)