လက်ပံတန်းမြို့နယ်တွင် အသက်(၃)လသားအရွယ် ကလေးတစ်ဦးအပါအဝင် ကိုဗစ်ပိုးတွေ့ရှိသူ (၉၀)ဦးထိရှိလာ

လက်ပံတန်း ဇွန် ၁၄             

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ နယ်ပြည်သူ့ဆေးရုံတွင် ဇွန်လ ၇ ရက်နေ့က တက်ရောက်ကုသနေသော ဖျားနာ(သံသယ)လူနာတို့အား ကိုဗစ်ရောဂါပိုး ရှိ/မရှိ Rapid Diagnostic Antigen Test Kid(RDT) ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ (၃)ဦး တွေ့ရှိခဲ့ပြီး အဆိုပါ လူနာများနှင့် ထိတွေ့သူများအား စစ်ဆေးခဲ့ရာ ယမန်နေ့က  အသက်(၃)လ သားအရွယ် ကလေးတစ်ဦး အပါအဝင် ကိုဗစ်ပိုးတွေ့ရှိသူ(၉၀)ဦးထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ လူနာများကို ပြည်သူ့ဆေးရုံ Isolation Ward တွင် ၂၆ ဦး ထားရှိပြီး အစိုးရ စက်မှုလက်မှု သိပ္ပံကျောင်း(လက်ပံတန်း) ကိုဗစ်-၁၉ ကုသရေးစင်တာတွင် ၆၃ ဦးအား ကုသဆောင်ရွက်ပေး လျက်ရှိပြီး ၎င်းတို့နှင့် ထိတွေ့သူများအား ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူတစ်ဦးရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

လက်ပံတန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို အချိန်မီ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြို့မဈေးအား ဇွန်လ ၁၄ ရက်နေ့မှ ၂၇ ရက်နေ့အထိ (၁၄)ရက် ခေတ္တယာယီပိတ်ထားမည်ဖြစ် ကြောင်းနှင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ယနေ့မှစ၍ ယာယီပိတ်ထားမည်ဖြစ် ကြောင်း သိရသည်။

ဝင့်နန္ဒာဌေး