လှိုင်းဘွဲ ဇွန် ၁၄
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာပေ ချစ်မြတ်သူများ အသင်းတို့ ပူးပေါင်း၍ စာရေးဆရာ လူထုစိန်ဝင်း ရေးသားထားသည့် “လူငယ်တွေကို ယုံပါ” စာအုပ်ဖြင့် ယနေ့နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းမြင့်က စာအုပ်စာပေ ချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန်နှင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ် အသိအမြင်များအား မျှဝေတတ်စေရန်၊ စာပေမှရရှိသော အသိအမြင် ဗဟုသုတများကို အသုံးချတတ်လာစေရန် စသည့် စာဖတ်ဝိုင်းကျင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီး တက်ရောက်လာသော Book Club အဖွဲ့ဝင်များက စာရေးဆရာ လူထုစိန်ဝင်း ရေးသားသော လူငယ်တွေကိုယုံပါ စာအုပ်၏ ရည်ရွယ်ချက်၊ စာအုပ်တွင် ပါရှိသော တော်ဖို့ထက် ကောင်းဖို့ခက်တယ်၊ ရှားပါးတဲ့ လူတော်လူကောင်း၊ စာဖတ်သူကို လေးစားပါ၊ လူငယ်နှင့်ပညာသည် စိတ်ဓာတ်စသည့် ခေါင်းစဉ်များအလိုက်ရေးသားထားသည့် အကြောင်းအရာ များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။