သဲကုန်း ဇွန် ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၌ ကိုဗစ်-၁၉ အသိပညာပေးခြင်းနှင့် အပြင်ထွက်သွားလာရာတွင် Mask တပ်ဆင်သွားလာခြင်းမရှိသူများအား Mask အခမဲ့ ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက်ပိုင်းက သဲကုန်းမြို့မစျေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင်သဲကုန်းမြို့မြို့မစျေးအပြင်ဘက်နှင့် စျေးအတွင်း စျေးဝယ်သူများ၊ မြို့တွင်းသွားလာလျက်ရှိသော ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလအတွင်း နေအိမ်ပြင်ပသို့ မဖြစ်မနေသွားလာရာတွင် Mask တပ်ဆင်သွားလာခြင်း မရှိသူများကို အသိပညာပေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်ခြင်းကို ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ Mask များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နိုင်လင်း