ပေါက်ခေါင်း ဇွန် ၁၄
ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ (၂၀၂၀-၂၀၂၁)ဘဏ္ဍာရေးနှစ် မြစိမ်းရောင် စီမံကိန်းအတိုးရငွေ ၅၀ ရာခိုင်နှုန်းဖြင့် ကျေးရွာ(၁၂)ရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိသောလုပ်ငန်းများမှာ ငှက်တော်ဦးကျေးရွာတွင်(၄၀၀)ဗို့အားလိုင်း(၃၇၀)ပေ သွယ်တန်းခြင်းလုပ်ငန်းအတွက် ငွေကျပ်(၃၀)သိန်း၊ ဓမ္မသော်ကျေးရွာ ကွန်ကရစ်မီးတိုင်(၁၂၀) တိုင်ဝယ်ယူခြင်းလုပ်ငန်းအတွက်ငွေကျပ်(၁၂၀)သိန်း၊ မြေနတ်တောင်ကျေးရွာ ရွာတွင်းကျောက်ချောမြေနီလမ်းခင်းခြင်း(၂၄၇၇'×၁၀'×၉")လုပ်ငန်းအတွက် ငွေကျပ်(၈၀)သိန်း၊ မြောက်ရွှေလောင်းကျေးရွာ ကွန်ကရစ်ဘီးခင်းလမ်းခင်းခြင်း ၂(၇၃၅'×၂'×၆")လုပ်ငန်းအတွက် ငွေကျပ်(၈၀)သိန်း၊ ကျွန်းတောကြီးကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း(၃၈၀'×၁၀'×၈")လုပ်ငန်းအတွက်ငွေကျပ်(၈၀)သိန်း၊ ကွမ်းအုံစုကျေးရွာ(၄၀၀)ဗို့အားလိုင်း(၄၄)တိုင်ထူခြင်းနှင့်ဆက်စပ်ပစ္စည်း ဝယ်ယူခြင်းလုပ်ငန်းအတွက်(၉၅)သိန်း၊ မြောက်မကွေကျေးရွာ(၄၀၀)ဗို့အားလိုင်း(၈၀၀)ပေ သွယ်တန်းခြင်းနှင့် ကွန်ကရစ်တိုင်ထူခြင်းအတွက် ငွေကျပ်(၅၀)သိန်း၊ မြောက်လက်ကြီးရွာ (၄၀၀)ဗို့အားလိုင်း သွယ်တန်းခြင်းနှင့် ဆက်စပ်ပစ္စည်း ဝယ်ယူခြင်းအတွက် ငွေကျပ်(၅၀)သိန်း၊ ပိန်းတောကျေးရွာ(၄၀၀)ဗို့အားလိုင်း သွယ်တန်းခြင်းအတွက် (၈၃)သိန်း၊ သစ်စိမ့်ပင်ကျေးရွာ ကျောက်ရော မြေနီလမ်းခင်းခြင်း (၂၃၂၈'×၁၀'×၆")လုပ်ငန်းအတွက် ငွေကျပ်(၁၀၀)သိန်း၊ ကံကျင်းကျေးရွာ ကျောက်ရောမြေနီလမ်း ခင်းခြင်း (၁၃၈၃'×၁၀'×၆")လုပ်ငန်းအတွက် ငွေကျပ်(၁၀၀) သိန်း၊ ဆင်ဖြူကန်ကျေးရွာတွင်း ကျောက်ရော မြေနီလမ်းခင်းခြင်း (၃၃၃၅'×၁၀'×၉")လုပ်ငန်းအတွက် ငွေကျပ်(၈၃)သိန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။
ထိုသို့အကောင်အထည်ဖော် ဆောင်ရွက်မှုကြောင့် မြို့နယ်တွင်း ကျေးရွာ(၁၂)ရွာရှိ အိမ်ခြေ(၁၉၁၆)၊ လူဦးရေ(၆၄၅၅)တို့အတွက် အကျိုးပြုမည်ဖြစ်ပြီး အဆိုပါလုပ်ငန်းများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်းသိရသည်။
ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာ စီမံကိန်းအား (၂၀၁၃-၂၀၁၄)ဘဏ္ဍာရေးနှစ်မှစ၍ (၂၀၂၀-၂၀၂၁)ဘဏ္ဍာရေးနှစ်အထိ မြစိမ်းရောင်ကျေးရွာစီမံကိန်း(၄၂)ရွာ၊ (၄၂)ယူနစ်အား ငွေကျပ်သန်းပေါင်း (၁၆၈၄)သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။