လေးမျက်နှာမြို့နယ်၌ ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

လေးမျက်နှာ ဇွန် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၁ခုနှစ်မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက်ပိုင်းက ဝါးတောကွင်းအုပ်စု ဝါးတောကွင်းကျေးရွာမှ တောင်သူ (၃၂)ဦး၏ စပါးသီးနှံ စိုက်ဧက(၁၈၆)ဧကအတွက် စုစုပေါင်းချေးငွေကျ ပ် ၂၇၉သိန်းကို ထုတ်ချေး ပေးခဲ့ကြောင်းသိရသည်။

လေးမျက်နှာမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၁ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို မြို့နယ် အတွင်းရှိ တောင်သူများစိုက်ပျိုးရေးသွင်းအားစုပစ္စည်းများ အချိန်မီဝယ်ယူဖြည့်တင်းနိုင်ရန်နှင့် စိုက်ပျိုးရေးလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်စေရန် အတွက်  သတ်မှတ်ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းများနှင့်အညီ စနစ်တကျထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

လေးမျက်နှာမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ဇွန်လ(၁)ရက်နေ့မှ စတင်ကာယနေ့ထိ ကျေးရွာအုပ်စု(၁၅)အုပ်စုရှိ တောင်သူဦးရေ(၁၈၄)ဦး၊ ဧက(၁၃၂၁)အတွက်၂၀၂၁ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေစုစုပေါင်း(၁၉၈၁.၅)သိန်း ထုတ်ချေးပေးခဲ့ပြီး စပါးသီးနှံတစ်ဧကလျှင် ငွေကျပ်တစ်သိန်းငါးသောင်းနှုန်း ထုတ်ချေးပေးခြင်းဖြစ်ကြောင်းနှင့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးရန် ကျန်ရှိနေသေးသည့် ကျေးရွာများမှ တောင်သူများကိုလည်း သတ်မှတ်ကာလအတွင်း ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တာဝန်ရှိသူ တစ်ဦးထံမှသိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)