နတ်မောက် ဇွန် ၁၁ မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် တောင်ဘက်ကြီးကျေးရွာအုပ်စု တောင်ဘက်ကြီး ကျေးရွာတွင် ယမန်နေ့ နံနက် (၁၀) နာရီအချိန်ခန့်က မြို့နယ်လျှပ်စစ်မှူးရုံးမှ တာဝန်ရှိသူများက လျှပ်စစ်ဓာတ်အားများ စတင်ဖြန့်ဖြူးပေးခဲ့သည်။ ထိုသို့ ဖြန့်ဖြူးပေးရာတွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် (၁၁) ကေဗွီ ဓာတ်အားလိုင်း (၂.၅) မိုင် ၊ ၁၁/၀.၄ ကေဗွီ (၂၀၀) ကေဗွီအေ ထရန်စဖော်မာ (၁) လုံးတိုးချဲ့တည်ဆောက်ပေးခဲ့သည်။ အဆိုပါကျေးရွာတွင်အိမ်ခြေ (၁၁၃)အိမ် ရှိသည့်အနက် အိမ်ထောင်စု (၄၅) စု၊ ဘုန်းတော်ကြီး ကျောင်း (၁) ကျောင်းနှင့်လမ်းမီးများအား စတင်ဖြန်းဖြူးပေးခဲ့ကြောင်း မြို့နယ်လျှပ်စစ်မှူး ဦးခင်မောင်စိုးထံမှသိရသည်။ သင်းသင်းမြတ် (နတ်မောက်)