မြဝတီမြို့၌ မော်တော်ဆိုင်ကယ်စီးနင်းပြီး ဆိုင်ကယ်ဦးထုပ်မဆောင်းသူများအား စစ်ဆေးအရေးယူ

မြဝတီ        ဇွန်   ၁၀

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင် ပြည်သူများယာဉ်အန္တရာယ်ကင်းရှင်းစေရန်နှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ လိုက်နာစေရန်အတွက် မော်တော်ဆိုင်ကယ် စီးနင်းပြီး ဆိုင်ကယ်ဦး ထုပ်မဆောင်းသူများအား ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က (၇.၆.၂၀၂၁)ရက်နေ့မှ စတင်ကာ မြဝတီမြို့အမှတ် (၇၃)ယာဉ်ထိန်းရဲတပ်ဖွဲ့ စုရုံးရှေ့တွင် စစ်ဆေး ဖမ်းဆီး၍ အရေးယူဆောင်ရွက်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် အမှတ်(၇၃)ယာဉ်ထိန်းရဲတပ်ဖွဲ့များ၊ ခရိုင်ရဲ တပ်ဖွဲ့ဝင်များ၊ ကညနဝန်ထမ်းများနှင့်ပို့/ဆက်ဝန်ထမ်းများ ပါဝင်သည့် ပူးပေါင်းရေးအဖွဲ့သည် မော်တော်ဆိုင်ကယ် စီးနင်းပြီး ဆိုင်ကယ်ဦးထုပ်မဆောင်းသူများကို ဖမ်းဆီးစစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ (၇.၆.၂၀၂၁)ရက်နေ့ တွင် မော်တော်ဆိုင်ကယ်(၁၆)စီး၊ (၈.၉.၂၀၂၁)ရက်နေ့တွင် မော်တော်ဆိုင်ကယ်(၁၉)စီး၊ (၉.၆.၂၀၂၁)ရက် နေ့ တွင်  မော်တော်ဆိုင်ကယ်(၁၆)စီးအား တရားရုံးတွင် ဒဏ်ကြေးငွေပေးဆာင်စေကြောင်း သိရသည်။

            

မန်းသန်းရွှေမြင့်(ပြန်/ဆက်)