ကော့သောင်း ဇွန် ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ အစည်းအဝေးနှင့် မြို့နယ်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၂၁) ကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရ သည်။
အစည်းအဝေးတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် မြို့နယ်အမျိုးသမီး ကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ လက်ထောက် ညွှန်ကြား ရေးမှူး ဒေါ်ကြည်အေးက မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီနှင့် မြို့နယ်အမျိုးသမီးကော်မတီ ၏လုပ်ငန်း တာဝန်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီနှင့် မြို့နယ်အမျိုးသမီး ကော်မတီအတွင်းရေးမှူး လူမှု ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ခရိုင်လူမှု ဝန်ထမ်းဦးစီးဌာန၊ ဦးစီးမှူး ဒေါ်သီသီအေးက ကလေးသူငယ် များ၏ အမျိုးသမီးကော်မတီနှင့် ပတ်သက်၍ လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြသည်။
အဆိုပါ အစည်းအဝေးတွင် ကလေးသူငယ်နှင့် အမျိုးသမီးတို့၏ အခွင့်အရေးများကို အပြည့်အဝရရှိရန်၊ ကာကွယ်စောင့်ရှောက်ရန်၊ ဖွံ့ဖြိုးတိုးတက်ရန်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီး ကာကွယ်ရန်၊ အမျိုးသမီးများ ဘဝလုံခြုံရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိ၍ စွမ်းဆောင် ရည်မြင့်မားစေရေး၊ ကျား/မ တန်းတူ ညီမျှမှုရှိရေးတို့ကို ဆွေးနွေးခဲ့ကြပြီး တက်ရောက် လာသည့် ဌာနဆိုင်ရာများက အသီးသီးပြန်လည်ဆွေးနွေးခဲ့ပြီး ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်း အဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)