မအူပင် ဇွန် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ခရိုင်ငါးလုပ်ငန်း ဦးစီးဌာန ခရိုင်ငါးလုပ်ငန်း တာဝန်ခံ ဦးဆန်းဝင်း၏ ဦးဆောင်မှုဖြင့် ငါးသယံဇာတတိုးပွားရေးအတွက် ငါးမျိုးမပြုန်းတီးစေရေး ငါးမျိုးစိုက်ထည့်ပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁)ရပ်ကွက် တိုးမြစ်ကမ်းဘေး ရွှေမာလာဆိပ်ကမ်းတွင် ကျင်းပခဲ့သည်။
အဆိုပါ ငါးမျိုးစိုက်ထည့်ပွဲသို့ ခရိုင်နှင့်မြို့နယ် စီမံခန့်ခွဲမှုအဖွဲ့မှဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာများ တက်ရောက်ကြပြီး ခရိုင်ငါးလုပ်ငန်း တာဝန်ခံ ဦးဆန်းဝင်းနှင့် ဝန်ထမ်းများ အောင်ဟိတ်ငါးလုပ်ငန်းစခန်း တာဝန်ခံ ဦးအောင်မြင့်မိုး၊ တလုပ်လှ ငါးလုပ်ငန်းစခန်း တာဝန်ခံ ဒေါ်အေးအေးမင်းနှင့် ဝန်ထမ်းများက စုပေါင်း၍ ငါးခုံးမကြီး၊ ငါးမြစ်ချင်း ၂ လက်မအရွယ် ငါးသားပေါက်အကောင်ရေ (၅)သိန်းအား ငါးသယံဇာတ တိုးပွားရေး အတွက် တိုးမြစ်အတွင်းသို့ စုပေါင်း ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း ခရိုင်ငါးလုပ်ငန်း တာဝန်ခံထံမှ သိရသည်။
အောင်ခိုင်(မအူပင်)