စလင်း ဇွန် ၁၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် သဃံဇတနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မြို့နယ်သစ်တောဉီးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ် မိုးရာသီ ကာလတွင် သဘာဝပတ် ဝန်းကျင်းထန်းသိမ်းရေးအတွက် ဒေသနှင့်ကိုက်ညီမည့် အရိပ်ရ ပျိုးပင်ပေါင်း ၆၀၀၀၀ ကျော် စိုက်ပျိုး မည်ဖြစ်ကြောင်းသိရသည်။
စလင်းမြို့နယ် သစ်တောဉီးစီးဌာနအနေဖြင့် နှစ်စဉ် ဇွန်လနှင့်ဇူလိုင်လများအတွင်း မိုးရာသီသစ်ပင်စိုက်ပွဲများကျင်းပဆောင်ရွက်လျှက်ရှိရာ အညာဒေသမိုးနည်းရပ်ဝန်းနှင့် ကိုက်ညီသည့် တမာ၊ ကုက္ကို ကဲ့သို့ ရာသီဥတုဒဏ် ခံနိုင်သည့်အရိပ်ရနှစ်ရည်ပင်များကို ပျိုးထောင်ထားရှိပြီး နှစ်စဉ်ဖြန့်ဝေခဲ့ကြောင်း၊ ယခုနှစ်မိုးရာသီကာလအတွင်း ဖြန့်ဝေနိုင်မည့် အပင်များကို အပင်များရှင်သန်ကြီးထွားစေရန်နှင့် အပင်များသေပျောက်မှုလျှော့ကျစေရေး အတွက် ပျိုးပင်များကို အမြင့် ၂ ပေနှင့်အထက်ရှိမှသာ ဖြန့်ဝေနိုင်စေရန်စီစဉ်ဆောင်ရွက် ထားရှိကြောင်း စလင်းမြို့နယ်သစ်တောပျိုးဉယျာဉ် တာဝန်ခံတောအုပ် ဉီးရွှေမင်းမောင် ပြောကြားချက်အရ သိရသည်။
ယခုနှစ်ပျိုးပင်များဖြန့်ဝေနိုင်ရန်အတွက် ပျိုးထောင်ထားရှိသော အပင်အမျိုးအစား များမှာ တမာ၊ ကုက္ကို၊ ကျွန်း၊ မဲဇလီ၊ မန်ကျည်း၊ လျှော်ဖြူ၊ မန်ဂျန်၊ ရှား၊ ယူကလစ်၊ ယင်းမာနှင့် ရေတမာစသည့်ပျိုးပင်ပေါင်း ၆၀၀၀၀ အား မိုးရာသီးသစ်ပင်စိုက် ပွဲတော်များ ကျင်းပ၍ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ အသင်းအဖွဲ့များ၊ ဌာနဆိုင်ရာ များ၊ တပ်ရင်းတပ်ဖွဲ့များနှင့်အများပြည်သူတို့အား အခမဲ့ဖြန့်ဝေစိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရ သည်။
မောင်လွင်