ပဲခူးတွင် ကောင်းမွန်သော ရေသတ္တဝါ မွေးမြူရေးကျင့်စဉ် (GAqp) သင်တန်းဖွင့်ပွဲ ကျင်းပ

ပဲခူး      ဩဂုတ် ၁၀

ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန သင်တန်းကျောင်းတွင် ယနေ့ နံနက် ၉ နာရီက  ကောင်းမွန်သော ရေသတ္တဝါ မွေးမြူရေး ကျင့်စဉ် (GAqp) သင်တန်းဖွင့်ပွဲ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး ဦးအောင်ဇော်နိုင်က အဖွင့် အမှာစကား ပြောကြားပြီး ငါးလုပ်ငန်း တိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းဝင်းမြင့်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းအား ငါးလုပ်ငန်းဦးစီးဌာန သင်တန်းကျောင်းတွင် (၁၀..၂၀၂၀) ရက်နေ့မှ (၁၂.. ၂၀၃၀) ရက်နေ့ထိ ()ရက်ကြာ သင်တန်းသား သင်တန်းသူ (၂၀)ဦး ဖြင့် သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)