ပင်လည်ဘူး ဇွန် ၉
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှုးကျင်းပ သော၂၀၂၁ ခုနှစ်၊ပါဠိပထမပြန်စာမေးပွဲ တတိယနေ့ ဖြေဆိုခြင်းကို ယနေ့ မွန်းတည့် (၁၂) နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့ စာဖြေဌာန၌ ဆက်လက်ကျင်းပလျက် ရှိကြောင်းသိရသည်။
အဆိုပါ ပါဠိပထမပြန်စာမေးပွဲ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့
နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ဩဝါဒါစရိယဆရာတော်ကြီးများ ၊ မြို့နယ် သံဃ နာယကအဖွဲ့ဥက္ကဌနှင့် အကျိုးဆောင်ဆရာတော်ကြီးများ၊ စာမေးပွဲကြီးကြပ်ရေးအဖွဲ့များက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ပင်လည်ဘူးမြို့၌ ၂၀၂၁ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲကို ဇွန်လ ၇ ရက်နေ့ မှ ၁၃ ရက်နေ့ အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပထမကြီးတန်းတွင် (၅)ပါး၊ ပထမလတ်တန်းတွင် (၈)ပါး၊ ပထမငယ်တန်းတွင် (၂၃)ပါး၊ အခြေပြုမူလတန်းတွင် (၁၇) ပါး စုစုပေါင်းရဟန်း / သာမဏေ (၅၃)ပါး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်းသိရသည်။
အေးဝင်းခိုင်