မြဝတီမြို့၌ သဘာဝပတ်ဝန်းကျင်အကြောင်း သိကောင်းစရာ Talk Show ကျင်းပ

မြဝတီ ဇွန် ၉

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနတွင် သဘာဝပတ်ဝန်းကျင်အကြောင်းသိကောင်းစရာ Talk Show ကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

Talk Show တွင် မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဖြိုးဖြိုးစံ က သဘာ၀ပတ်ဝန်းကျင်အကြောင်းသိကောင်းစရာ Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ထို့နောက် မြဝတီခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူး ဦးကျော်စွာဝင်း က မြန်မာနိုင်ငံတွင်ရှိသည့် တောင်တန်းဂေဟစနစ်၊ အပူပိုင်းဂေဟစနစ်၊ သစ်တောဂေဟစနစ်၊ ကုန်းတွင်းရေဝပ်ဂေဟစနစ်၊ အခြားရေဝပ်ဂေဟစနစ်၊ ပင်လယ်နှင့်ကမ်းရိုးတန်း ဂေဟစနစ်၊ မြက်ခင်းဂေဟစနစ်၊ ဒီရေတော ဂေဟစနစ်အကြောင်း သိကောင်းစရာများအား ရှင်းလင်း ဆွေးနွေးပြီး မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဖြိုးဖြိုးစံနှင့် ရုပ်သံကျွမ်းကျင်-၃ ဒေါ်သီရိချောတို့က သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)