ဘားအံ ဇွန် ၉
ကရင်ပြည်နယ်၊ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟို ဌာန Community Centre ခန်းမတွင် စာရေးဆရာဖေမြင့် ရေးသားသော “အပြောင်မြောက်ဆုံး ဘဝတစ်ခု တည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ် ဆောင်ရွက်ခဲ့ကြသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင် ဦးစီးအရာရှိ ဒေါ်စိုးစိုးအေးက စာပေချစ်မြတ်နိုးသူများအချင်းချင်း အသိပညာဗဟုသုတများ မျှဝေနိုင်စေရန်၊ စာဖတ်သည့် အလေ့အကျင့်မှ အလေ့အထကောင်းများ ဖြစ်လာစေရန်စသည့်စာဖတ်ဝိုင်းပြုလုပ် ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး ဘားအံခရိုင် Book Club ဥက္ကဋ္ဌ ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးသောင်းထွန်းက တစ်ဘဝတာအတွက် လက်ရာတစ်ခုသာ ဖန်တီးတည်ဆောက်ခွင့်ရှိသည်၊အခွင့်အရေးဆိုသည်မှာ၊ ကျားကုတ်ကျားခဲစိတ်ဓာတ်၊ စိတ်ချမ်းသား ပျော်ရွှင်မှု ခေါင်းစဉ်များဖြင့် လည်းကောင်း၊ ဦးသန်းအောင် (လူဝိုင်း)က အခွင့်အရေးဆိုသည်မှာ၊ အောင်မြင်ရမည်ဟူသော စိတ်ဓာတ်၊ မိမိကိုယ်ကို ထိန်းသိမ်းခြင်းခေါင်းစဉ်များဖြင့်လည်းကောင်း၊ ဘားအံခရိုင် ဦးစီးအရာရှိ ဒေါ်စိုးစိုးအေးက လက်တွေ့ကျသော စိတ်ကူးယဉ်သမားများ၊ ပြတ်ပြတ် သားသား ဆုံးဖြတ်လုပ်ကိုင်တက်ခြင်းခေါင်းစဉ်များဖြင့် အသီးသီးဖြင့် ဆွေးနွေးခဲ့ရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် Book Club အဖွဲ့ဝင်များက သိရှိလိုသည်များ ပြန်လည်ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
ခရိုင် ( ပြန်/ဆက်)