လှိုင်းဘွဲမြို့နယ်တွင် အစိုးရပါဠိ ပထမပြန်စာမေးပွဲ ဖြေဆိုနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ လာရောက်ကြည့်ရှု

လှိုင်းဘွဲ   ဇွန်  

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေး ဦးစီးဌာနမှကြီးမှူး၍ ၂၀၂၁ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို မြို့မဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ စာမေးပွဲဖြေဆိုလျက်ရှိရာ ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ လာရောက် ကြည့်ရှု့ခဲ့ကြောင်း သိရသည်။

အဆိုပါအစိုးရပါဠိပထမပြန်စာမေးပွဲဖြေဆိုနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသန်း နှင့်အဖွဲ့ဝင်များက စာမေးပွဲဖြေဆိုနေမှု အခြေအနေ၊ စာမေးပွဲ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေ၊ လုံခြုံရေး ဆောင်ရွက်နေမှု၊ စာဖြေရဟန်း၊ သာမဏေ၊ သီလရှင်များ ကျန်းမာရေးအတွက် ဆေးဝါးဆောင်ရွက်ထားရှိမှု၊ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)