အင်္ဂပူ ဇွန် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့ငဝန်ဧရာလမ်းဆုံတွင် ကိုဗစ်-၁၉ရောဂါ (တတိယလှိုင်း) ကူးစက်ပြန့်ပွားမှု မပေါ်ပေါက်စေရေးအတွက် နှာခေါင်းစည်း(Mask) ဖြန့်ဝေခြင်း လုပ်ငန်းများကို ယနေ့ နံနက် ၇ နာရီအချိန်က ပြုလုပ်ခဲ့သည်။
အဆိုပါ လုပ်ငန်းများအား အင်္ဂပူမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ ပူးပေါင်းပြီး ဌာနဆိုင်ရာ အကြီးအကဲများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များမှ ငဝန်ဧရာလမ်းဆုံတွင် အကြောင်းအမျိုးမျိုးဖြင့် နေအိမ်ပြင်ပ သွားလာနေသူများအား မဖြစ်မနေ အကာအကွယ် Mask တပ်ဆင်သွားလာရေး၊ အိမ်အပြင်သို့ ထွက်တိုင်း နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်ကြစေရန် အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)