ပန်းတောင်း ဇွန် ၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဒေါ်ခင်လှလှဖောင်ဒေးရှင်းမှ စတီးလက်ဆေးကန်များကို ကျောင်းများသို့ ယမန်နေ့နံက်ပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။
ဒေါ်ခင်လှလှ ပညာရေးဖောင်ဒေးရှင်းမှ ပန်းတောင်းမြို့နယ် ပန်းတောင်းအဖွဲ့ အဖွဲ့ဝင်ကျောင်းများသို့ စတီးလက်ဆေးကန် ဂါလံ ၄၀ဆံ့တိုင်ကီနှင့် စင်များ ဆက်စပ်ပစ္စည်းများကို အ မ က (ဖောင်းကန်)၊ အ မ က (တပ်ကုန်း)၊ မူလွန်စည်သာ၊ မူလွန်ဝန်လို ကျောင်းများအား လှူဒါန်းခဲ့ကြောင်း သိရသည်။
သင်းသင်းအေး