ဝန်းသိုမြို့နယ်၊ ညောင်အင်းကျေးရွာတွင် (VDP)စီမံကိန်းရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ဝန်းသို ဇွန် ၉

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ ညောင်အင်းကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ (VDP) ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ရန်ပုံ ငွေကျပ် ၁၀၀ဖြင့် ကျေးရွာ လူထုကိုယ်တိုက်စီမံခန့်ခွဲအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော ရွာတွင်းလမ်းများ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ် ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။

 

ညောင်အင်းကျေးရွာတွင်းလမ်း  အရှည်ပေ ၁၂၀၀၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိ ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းကို (VDP)စီမံကိန်းထောက်ပံ့ငွေကျပ်သိန်း၁၀၀၊  ပြည်သူထည့်ဝင်ငွေကျပ် ၂၈သိန်း  စုစုပေါင်းငွေကျပ် ၁၂၈သိန်းဖြင့် ဆောင်ရွက်ပြီးစီးခဲ့ခြင်းဖြစ်ပြီး အဆိုပါရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းအောင်မြင်ခြင်းအထိမ်းအမှတ်အနေဖြင့် ယမန်နေ့က ကျေးလက်‌ ဒေသဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ကျေးရွာ ဖွံ့ဖြိုးရေး ကော်မတီဝင်များစုပေါင်း၍ လက်ဆုံ ထမင်းစားဝိုင်းပြုလုပ်ခဲ့သည်။

 

 

 

ဝန်းသိုမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရင်းနှီးမြုပ်နှံမှုအစီအစဉ် တစ်ရပ်အနေဖြင့် ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း(၁၀၀)စီထောက်ပံ့ကာ ကျေးရွာလူထု ကိုယ်တိုင်ဆောင်ရွက်စေသော (VDP) ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကို ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာပေါင်း ၂၃ ရွာတို့၌ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 

ကျော်မြိုင်