ခင်ဦး ၊ ဇွန် ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီး မှူးရုံးတွင် မေလ ၃ ရက်နေ့ကစ၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မေလမှစ၍ ယနေ့ထိ ကျေးရွာအုပ်စု (၁၉) အုပ်စုရှိ အိမ်ထောင်စု လူဦးရေစာရင်း (၁၅) ဦးနှင့် အသက် (၁၆) နှစ်မှ (၁၈) နှစ်ကြား၊ အသက်(၁၈)နှစ်အထက်ရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၀၅) ကတ်ကို ဆောင်ရွက် ပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ ကျန်ရှိနေသည့် ကျေးရွာအုပ်စုများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနှင့်အညီ ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးခင်စိုး၏ ပြောကြားချက်အရ သိရသည်။
စိုးဝေအောင်(ခင်ဦး)