မိုးညိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိ

မိုးညို ဇွန် ၉

 

ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ မိုးညိုမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်း ချုပ်နိုင်ရေးအတွက် ပြည်သူများ သိရှိလိုက်နာရမည့်အချက်များ၊ ဆောင်ရန်/ရှောင်ရန်များအား မြို့နယ် အတွင်းသို့ ယနေ့နံနက်ပိုင်းတွင် လိုက်လံကြေညာပေးလျက်ရှိသည်။

 

ထိုသို့လိုက်လံကြေညာရာတွင် မိုးညိုမြို့နယ်နှင့်ထိစပ်လျက်ရှိသော မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများရှိနေသည့်အတွက် မိမိတို့မြို့နယ်အတွင်းသို့ မကူးစက်စေရန် အထူးဂရုပြု သွားလာနေထိုင်ကြရန်၊ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ သွားလာရာတွင် Mask များစနစ်တကျ တပ်ဆင်သွားလာကြရန်၊ မလိုအပ်ဘဲလူစုလူဝေးရှိသော နေရာများသို့ သွားလာခြင်းမှရှောင်ကျဉ်ရန်၊ လက်ကို မကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန် စသည့် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်များအား လိုက်နာ၍ အချင်းချင်းအသိပေးခြင်း၊ သတိပေးခြင်းများဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအဖွဲ့မှ လိုက်လံနှိုးဆော်ပေးလျက်ရှိကြောင်းသိရသည်။

ကိုမင်း(မိုးညို)