မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်အတွင်းရှိ ဆလုံလူမျိုးများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကော်မတီဝင်များအား Video Conferencing ဖြင့်တွေ့ဆုံ

 

ထားဝယ်                  ဇွန်

မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်အတွင်းရှိ ဆလုံလူမျိုးများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ထောက်ပံ့ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် ကော်မတီဝင်များအား Video Conferencing ဖြင့်တွေ့ဆုံပွဲကို ယနေ့ မွန်းလွဲ နာရီ က ထားဝယ်မြို့၊တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တွေ့ဆုံပွဲတွင် တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဌ ဦးတင်အောင်က အဖွင့်အမှာ စကား ပြောကြားပြီး တက်ရောက် လာသူများနှင့် ဆလုံလူမျိုးများ၏ အိမ်ခြေ/အိမ်ထောင်စု/လူဦးရေစာရင်း အကြောင်း ဆလုံလူမျိုးများအား ထောက်ပံ့ရေး ကျေးရွာကော်မတီများ ဖွဲ့စည်းထားရှိခြင်း အခြေအနေ လတ်တစ်လော ထောက်ပံ့ပေးရန်လိုအပ်ချက်များနှင့်လိုအပ်မှုအခြေအနေ၊ ရေရည်ထောက်ပံ့ပေးရန် လိုအပ်ချက် များ၊ စာရင်း ဇယား ထားရှိမှုအခြေအနေများ စသည့်တိုကိုရှင်းလင်းဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဌ ဦးတင်အောင် အတွင်းရေးမှူး ဦးခင်မောင်ချို၊ အဖွဲ့ဝင်ဦးခင်မောင်မြင့်၊ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌနှင့်အဖွဲ့ဝင်များတက်ရောက်ခဲ့ ကြောင်း သတင်းရရှိသည်။

 (တိုင်းဒေသကြီးပြန်/ဆက်)