မေတ္တာမြို့၌ မီးဘေးလုံခြုံရေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်

 

မေတ္တာ         ဇွန်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊မေတ္တာမြို့၌မီးဘေးအန္တရာယ် နှင့် အခြားသဘာဝဘေးအန္တရာယ် များမှ ကြိုတင်ကာကွယ်ရေးနိုင်ရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များနှင့်(191)စတေကာများဖြန့်ဝေ ပေးခြင်း ကို ယမန်နေ့ မွန်းလွဲက မေတ္တာမြို့ မြို့ပေါ်ရပ်ကွက်များဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ အသိပညာပေးခြင်းဆောင်ရွက်ခြင်းလုပ်ငန်းကို မေတ္တာမြို့မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများက  မေတ္တာမြို့ အတွင်းရှိပြည်သူများ မီးဘေးအန္တရာယ် ကင်းရှင်းရေးနှင့်အခြားသဘာဝဘေးအန္တရာယ်များမှ ကြိုတင် ကာကွယ်နိုင်ရန် နှင့် သဘာဝဘေးအန္တရာယ် တစ်ခုခုဖြစ်ပေါ်လာပါကမေတ္တာမြို့ မီးသတ်ဦးစီးဌာနရုံးသို့ ဆက်သွယ် နိုင်ရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များနှင့်( 191) စတေကာများ ဖြန့်ဝေပေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

နန်းခလိုက် (မေတ္တာ ပြန်/ဆက်)