ဘားအံ ဇွန် ၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့တွင် ပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရန်နှင့် ယာဉ် စည်းကမ်း၊လမ်းစည်းကမ်းမျာ လိုက်နာစေရန်အတွက် စည်းကမ်းမဲ့မောင်နှင်းသော ဆိုင်ကယ်များ၊ လိုင်စင်မဲ့ မောင်နှင်းသောမော်တော်ယာဉ်များနှင့် ဆိုင်ကယ်များကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က (၇-၆-၂၀၂၁)ရက်နေ့မှ စတင်ကာ ဘုရားကြီးဝန်း မီးပွိုင့်၊ ဗိုလ်ချုပ်လမ်း မဲဘောင်မီးပွိုင့်နေရာများတွင် စစ်ဆေးဖမ်းဆီး၍ အရေးယူ ဆောင်ရွက်မှုများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် အမှတ်(၇၀)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူး မျိုးကျော်ညွန့်နှင့်တပ်ဖွဲ့ဝင်များ၊ အကူတပ်ခွဲမှ ရဲအုပ်အောင်အောင်နှင့်တပ်ဖွဲ့ဝင်များ၊ ဘားအံမြို့မ စခန်းမှ ဒုရဲအုပ်အောင်ကျော်ဆင့်နှင့်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဦးမော်စိုးဦးနှင့် ဝန်ထမ်းများ၊ က.ည.နရုံးမှ စစ်ဆေးရေး(၂) ဦးသန့်ဇင်စိုး၊ ပို့/ဆက်ဦးစီးဌာန မှ ဒုတိယဦးစီးမှူးဦးဇော်မင်းဦးပါဝင်သည့် ပူးပေါင်းအဖွဲ့မှ စည်းကမ်းမဲ့မောင်းနှင်းသော ဆိုင်ကယ် များနှင့် လိုင်စင်မဲ့မော်တော်ယာဉ်များ၊ ဆိုင်ကယ် များကို ဖမ်းဆီးစစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ (၇-၆-၂၀၂၁)ရက်နေ့မှယနေ့ထိယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာသည့် မော်တော်ဆိုင်ကယ် (၂၀)စီးနှင့် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်(၈)စီး၊ စုစုပေါင်း (၂၈)စီး ဖမ်ဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါဖမ်းဆီးရမိခဲ့သော ယာဉ်စည်းကမ်းလမ်းစည်းကမ်းမလိုက်နာသည့် ဆိုင်ကယ်(၂၀)စီးအား တရားရုံးတွင် စည်းကမ်းမဲ့ဒဏ်ကြေးပေးဆောင်စေပြီး၊ လိုင်စင်မရှိသည့် ဆိုင်ကယ်(၈)စီးအား ဒေသလိုင်စင် ထုတ်ပေးနိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိကြောင်း အမှတ်(၁၀)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ (ကရင်)၊ အမှတ်(၇၀) ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံးမှ သိရသည်။
ခရိုင် ပြန်/ဆက်