ညောင်လေးပင် ဇွန် ၈
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့၌ မီးဘေးကြောင့်ပျက်စီးသွားသော အိမ်ထောင်စု တစ်စု အတွက် ယနေ့ နေ့လယ် ၂ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ထောက်ပံ့ငွေများ ပေးအပ် ခဲ့ကြောင်းသိရသည်။
ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့နိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီး အရာရှိ ဒေါ်အိခိုင်စံနှင့်တာဝန်ရှိသူများက မီးဘေးကြောင်း ပျက်စီးသွားသော အိမ်ထောင်စုအတွက် အိမ်ဆောက် ပစ္စည်းများနှင့်ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေများကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ငွေကျပ် (၂၀၄၂၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစွည်း (၁၉)မျိုးတို့ အား သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးထံသို့ ထောက်ပံ့ ပေးအပ် ခဲ့ကြသည်။
အဆိုပါ မီးဘေးကျရောက်ခဲ့သော ပြွန်တန်ဆာမြို့ မြို့မ(၂) ရပ်ကွက် ကောလိယတောင်ပိုင်း (၃)လမ်းတွင် (၃-၆-၂၀၂၁) ရက်နေ့မွန်းလွဲ ၃:၃၀နာရီအချိန်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ ၁၅×၂၄ ပေ၊ အုတ်ညှပ်၊ သွပ်မိုးနေအိမ် တစ်လုံး၊ ၂၀×၁၀ ပေပတ်လည် အုတ်ညှပ် ဂိုထောင်တစ်လုံးနှင့် လဲမှို့များပျက်စီး ဆုံးရှုံးသွားခဲ့ကြောင်းမြို့နယ် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှသိရသည်။
မြို့နယ် (ပြန်/ဆက်)