မြဝတီ ဇွန် ၈
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းနှင့်ဘဝဆက်စပ်ပြင်ဆင်ကြ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယနေ့ညနေ (၃)နာရီအချိန် က ပြုလုပ်သည်။
စာဖတ်ဝိုင်းတွင် မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဖြိုးဖြိုးစံ က စာဖတ်ဝိုင်းပြုလုပ်သည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
အဆိုပါစာဖတ်ဝိုင်း ပြုလုပ်သည့် ကျောင်းနှင့်ဘဝ ဆက်စပ်ပြင်ဆင်ကြ စာအုပ်သည် ဒေါက်တာသိန်း လွင် (ပညာရေးစိတ်ပညာပါရဂူ) ရေးသားပြီး စာအုပ်တွင် ကလေးကိုရွေးချယ်ခွင့်ပေးပါ၊ ပျော်ရွှင်တဲ့ကလေးတွေဖြစ်လာအောင် ဘယ်လိုပြုစုပျိုးထောင်ကြမလဲ၊ ဆရာတွေတိုက်ရိုက် ဖန်တီးပေးနိုင်တဲ့ ပတ်ဝန်းကျင်နှင့်ကလေးတွေကို ဘယ်လိုလေ့ကျင်ပေးတာ အသင့်တော်ဆုံးလဲ အစရှိသည့် အခန်းများကို Woman Club ဥက္ကဋ္ဌ ဒေါ်ကေခိုင်နှင့် မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စာပေဝါ သနာရှင်တို့က အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်