ရွှေဘိုတန်းကျေးရွာတွင် လျှပ်စစ်ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်း ၅၀ ရာခိုင်နှုန်းပြီးစီး

အုတ်ဖို ဇွန် ၈

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီး ရန်ပုံငွေဖြင့် သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ဥတိုကျေးရွာ လသာကုန်း၊ ရွှေဘိုတန်းကျေးရွာနှင့် အောင်မင်္ဂလာရပ်ကွက် ရွှေဘိုတန်းတို့တွင် ဗို့အားကျဆင်းသည့် နေရာများတွင် လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်စေရန်အတွက် ၁၁ ကေဗွီ ဓာတ်အားလိုင်း၊ ၄၀၀ ဗို့ ဓာတ်အားလိုင်းနှင့် ၁၁/၀.၄ ကေဗွီ ဓာတ်အားခွဲရုံ တည်ဆောက်ခြင်း လုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ၅၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှုကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်းနှင့်အဖွဲ့မှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး စံချိန်စံညွှန်း ပြည့်မီရေးနှင့် သက်မှတ်ကာလအတွင်းပြီးစီးရေး ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

အဆိုပါလုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးပါက အိမ်ခြေ(၁၈၀)ခန့်တွင် လျှပ်စစ်ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်မည် ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်ဦးစီးမှူးထံမှ သိရသည်။

အောင်သူ(အုတ်ဖို)