ကြို့ပင်ကောက် ဇွန် ၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲကို မြို့နယ်မီတာ ၄၀၀ ပြည်သူ့အားကစား ကွင်းတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
နွေရာသီအခြေခံ အားကစားသင်တန်းတွင် ဘောလုံး၊ ပြေးခုံပစ်၊ ပိုက်ကျော်ခြင်း၊ စစ်တုရင်၊ စားပွဲတင် တင်းနစ်နှင့် လက်ဝှေ့ အားကစားနည်းများကို မေလ ၂၆ ရက်နေ့မှ ဇွန်လ ၈ ရက်နေ့အထိ မြို့နယ် အားကစားမှူး ဦးမြင့်နိုင်နှင့် ပညာရေးဦးစီးဌာနမှ ကာယဆရာ၊ ဆရာမများ၊ မြို့နယ် အားကစား ကျွမ်းကျင်နည်းပြများက သင်တန်းသား ကျောင်းသား၊ ကျောင်းသူများနှင့် အားကစားဝါသနာရှင် (၁၅၀)ဦးတို့အား အခမဲ့သင်ကြား ပို့ချပေးခဲ့ကြောင်း တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် အားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ပြီး သင်တန်းများဖွင့်လှစ် သင်ကြားပေးရခြင်း ဖြစ်ကြောင်း မြို့နယ် အားကစားမှူး ဦးမြင့်နိုင်ကပြောသည်။
ကြို့ပင်ကောက်မြို့တွင် နွေရာသီအခြေခံအားကစား သင်တန်းမျာဖွင့်လှစ်ပြီး၍ ဆက်လက်ပြီး အဆင့်မြင့် အားကစား သင်တန်းများ ဒိုင်နည်းပြသင်တန်းများ ဖွင့်လှစ်ရန်စီစဉ်လျက်ရှိကြောင်း အဆိုပါသင်တန်းများသို့ တက်ရောက် သင်ကြား လိုပါက မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနသို့ ဆက်သွယ်စာရင်း ပေးသွင်းနိုင်ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)