မော်လမြိုင်ကျွန်း ဇွန် ၈
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ရှောက်ချောင်းကျေးရွာအုပ်စု၊ ဗန္ဓုလကျေးရွာ၌ ဇွန်လ ၅ ရက်နေ့က ဖြစ်ပွားခဲ့သောမီးလောင်မှုကြောင့် နေအိမ်ပျက်စီးခဲ့သည့်မိသားစုတစ်စုအတွက် ထောက်ပံ့ငွေနှင့်ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နေလည် ၁ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါမီးလောင်ဆုံးရှုံးမှုအတွက် မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာလင်းနှင့် တာဝန်ရှိသူများက အိမ်ဆောက်ပစ္စည်းဘိုး ၁၀၀၀၀၀ ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာအတွက် ၆၃၀၀ ကျပ်၊ စုစုပေါင်း ၁၀၆၃၀၀ ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၇)မျိုးပါ(၁)ပုံး၊ Hygiene kit-E (၁)ပုံးတို့အား ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်/ကျေး စာရေးတို့နှင့်အတူ ဘေးသင့်ပြည်သူအားထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရသည်။
အောင်အောင်(ပြန်/ဆက်)