တနင်္သာရီ ဇွန် ၈
တနင်္သာရီတိုင်းဒေသကြီး၊ တင်္သာရီမြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမျိုးနိုင်မှ ဦးဆောင် ကြီးကြပ်၍ မီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦးတို့သည် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ဒေသခံပြည်သူ များ၏ အိုးအိမ်စည်းစိမ် မီးလောင်မဆုံးရှုံးစေရေး၊ မီးဘေးအန္တရာယ်အပါအဝင် သဘာဝဘေးအန္တရာယ် နှင့် အခြားဘေးအန္တရာယ်များ အရေးပေါ်ဖြစ်ပေါ်ပါက ချက်ခြင်းဆက်သွယ် အကူညီတောင်းခံနိုင်ရန် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ လမ်းညွှန်ပေးပို့သော မီးဘေးလုံခြုံရေးပညာပေး လက်ကမ်း စာစောင်များ ဒေသခံမိဘပြည်သူများထံ အခမဲ့ဖြန့်ဝေခြင်း၊ စတေကာများ ကပ်ပေးခြင်းကို မြို့တွင်း လူစည်ကားရာ လမ်းဆုံနေရာများ၊ ဈေးတို့တွင် ဆောင်ရွက်ပေးကြကြောင်း သိရှိရသည်။
အဆိုပါ လက်ကမ်းစာဆောင်တွင် သဘာဝဘေးဖြစ်ပွားပါက ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ၊ မိမိနေအိမ်တွင် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရန် မီးဖိုအသုံးပြုခြင်း၊ ဘုရားမီးပူဇော်ခြင်း၊ လျှပ်စစ်မီး သုံးစွဲခြင်းများတွင် လိုက်နာရမည့်အချက်များ၊ မီးဘေအန္တရာယ် ဖြစ်ပေါ်ပါက မီးသတ်ဆေးဘူး အသုံးပြုနည်း၊ မီးလောင်မှုတွင် မီးခိုးအန္တရာယ် မဖြစ်စေရန် လိုက်နာရမည့် အချက်များပါဝင်ပြီး မီးသတ်ဦးစီးဌာန(191) ဖုန်းနံပါတ်ပါရှိသော စတစ်ကာများအား ချောင်းကြီးရပ်ကွက်၊ ရှင်မအောင်သာ လမ်းဆုံ ချောင်းငယ်ရပ်ကွက်၊ ဈေးလမ်း-အောင်မင်္ဂလာ(၂)ဈေးအရှေ့တို့တွင် လိုက်လံပေးဝေကပ်နှံခဲ့ကြ ကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)