ကန်ကြီးထောင့်၌ နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး

ကန်ကြီးထောင့် ဩဂုတ် ၁၀

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ကွင်းဆင်းဆောင် ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီတွင် နနွင်းဂရက်ကျေးရွာအုပ်စု၌ နိုင်ငံသား စိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသန့်ဇင် ဦးဆောင်‌သောအဖွဲ့မှ နနွင်းဂရက်ကျေးရွာအုပ်စုအတွင်းရှိ အသက် ၁၈ နှစ် ပြည့်ပြီးသူများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများကို သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ စုစုပေါင်း(၉၇)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိ‌စေရေး ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

နန်းထိုက်(ပြန်/ဆက်)