တွန်းဇံ ဇွန် ၈
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်းရှိ တွန်းဇံပြည်သူ့ဆေးရုံနှင့် ကျီးခါးတိုက်နယ် ဆေးရုံတွင် ယမန်နေ့က Rapid Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး(၁၅)ဦးတွင် ထပ်မံတွေ့ရှိခဲ့ပြီး ဆေးရုံဆင်းခွင့် ထပ်မံရရှိသူ (၂၈)ဦးရှိကြောင်း သိရသည်။
ယနေ့ တွန်းဇံမြို့ ပြည်သူ့ဆေးရုံ၊ ပြင်ပလူနာဌာနတွင် လာရောက်ပြသသူ (၁၆)ဦးအနက် အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၆)ဦးတို့တွင် Covid-19 Positive တွေ့ရှိခဲ့ပြီး ဆေးရုံဆင်းခွင့် ရရှိသူ(၆)ဦးနှင့် ကျီးခါးမြို့ တိုက်နယ်ဆေးရုံ ပြင်ပလူနာဌာနတွင် လာရောက်ပြသသူ (၄၈)ဦးအနက် အမျိုးသား(၆)ဦးနှင့် အမျိုးသမီး(၂)ဦးတို့တွင် Covid-19 Positive တွေ့ရှိခဲ့ပြီး ဆေးရုံဆင်းခွင့် ရရှိသူ(၂၂)ဦး ရှိကြောင်း သိရသည်။
၂၀၂၁ ခုနှစ်၊ မေလ (၂၇) ရက်နေ့မှ စတင်ပြီး Rapid Test Kitဖြင့် Covid-19 ရောဂါ ရှိ/မရှိ စတင်စစ်ဆေးခဲ့ရာတွင် တွန်းဇံမြို့နယ်အတွင်း Covid-19 Positive (၂၉၃)ဦး တွေ့ရှိခဲ့သည်။ တွန်းဇံမြို့နယ်အတွင်း Covid-19 ရောဂါဖြင့် သေဆုံးသူ(၇)ဦးအထိ ရှိလာပြီး တွန်းဇံမြို့နယ်အတွင်း Covid-19 ရောဂါတွေ့ရှိပြီး ဆေးဝါးကုသမှု ခံယူလျက်ရှိသည့် လူနာများအနက် ကျန်းမာရေး ကောင်းမွန်လာသဖြင့် ဆေးရုံမှဆင်းခွင့်ရှိသူ (၃၃)ဦးအထိ ရှိလာပြီဖြစ်ကြောင်း မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာထန်ရှန်းခိုင်၏ ပြောပြချက်အရ သိရှိရသည်။
ဝေဖြိုး(ဇလပ်မြေ)