ရေကြည် ဩဂုတ် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်အတွင်း ခွေးရူးရောဂါမဖြစ်ပွားစေရန်နှင့် ပြည်သူများ ခွေးရူးရောဂါအန္တရာယ်ကင်းဝေးရန် ရည်ရွယ်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ ယမန်နေ့ နံနက် (၉) နာရီတွင် အင်းလျှာကုန်းကျေးရွာရှိအုပ်ချုပ်ရေးမှူးရုံးတွင် ခွေးရူးရောဂါကြိုတင်ကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ မြို့နယ်အတွင်း ခွေးရူးရောဂါ ပပျောက်ကင်းစင်ရေး စီမံချက်ဖြင့် ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ ကွင်းဆင်းထိုးနှံပေးရာတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာဒေါ်မိုးသူဇာနှင့် ဝန်ထမ်းများက အနီးကပ်ကြီးကြပ်၍ မြိုနယ်အတွင်း အကောင်ရေ(၃ဝဝ)ခန့်ကို အခမဲ့ထိုးပေးမည်ဖြစ်ပြီး အင်းလျှာကုန်းကျေးရွာတွင် အကောင်ရေ (၃ဝ)ခန့် ထိုးနှံပေးခဲ့ကြောင်းနှင့် ကျန်ကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်များတွင်လည်း ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
အောင်သူဟန်(ပြန်/ဆက်)