ကော့ကရိတ်မြို့တွင်  အစိုးရပါဠိ ပထမပြန်စာမေးပွဲကျင်းပ

ကော့ကရိတ်  ဇွန်  ၈

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့်  အစိုးရပါဠိ ပထမပြန် စာမေးပွဲကို ယမန်နေ့ နေ့လည်(၁၂)နာရီအချိန်က ကော့ကရိတ်မြို့ အမှတ် (၃)ရပ်ကွက် မြို့မဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပသည်။

အဆိုပါစာမေးပွဲတွင်  ကော့ကရိတ်မြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများရှိ အခြေပြုမူလတန်းတွင် စာရင်းသွင်းသံဃာ (၁၅)ပါးအနက်  သံဃာ (၁၀)ပါး၊ သီလရှင် (၃)ပါး၊  ပထမငယ်တန်းတွင် စာရင်းသွင်းသံဃာ (၂၆)ပါးအနက်  သံဃာ (၁၃)ပါး၊ သီလရှင် (၃)ပါး၊ ပထမလတ်တန်းတွင် စာရင်းသွင်းသံဃာ (၄၃)ပါးအနက်  သံဃာ (၁၉)ပါး၊ သီလရှင် (၁၀)ပါး၊ပထမကြီးတန်းတွင် စာရင်းသွင်းသံဃာ (၁၁၂)ပါးအနက် သံဃာ (၆၂)ပါးနှင့် သီလရှင် (၁၀)ပါး၊ လူပုဂ္ဂိုလ် (၆)ဦးတို့က ကြွရောက်ဖြေဆိုကြပြီး၊ အဆိုပါ စာမေးပွဲဖြေဆိုနေမှု​ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က လာရောက်ကြည့်ရှုခဲ့သည်။ အဆိုပါ စာမေးပွဲကို ဇွန်(၇)ရက်နေ့မှ (၁၃)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့သို  စာဖြေသံဃာတော်များ ပါဋ္ဌိဘာသာရပ်များအလိုက် သတ်မှတ်ပေးထားသည့်ရက်များ၌  အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌနှင့် အကျိုးတော်ဆောင်များ၊ စာမေးပွဲကြီးကြပ်ရေးအဖွဲ့၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဝန်ထမ်းများ၊ မြို့မိမြို့ဖများက  လိုအပ်သည်များကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စောအောင်မျိုးလွင် (ပြန်/ဆက်)