မကွေး ဇွန် ၈
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ မဟာဝိသုတာရာမ(တောင်စာသင်တိုက်)၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် အစိုးရဓမ္မာစရိယနှင့်ပါဠိ ပထမ ပြန်စာမေးပွဲကို ဇွန် ၁ ရက်နေ့မှ ၁၃ ရက်နေ့ထိ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ရာ ပါဠိပထမပြန် စာမေးပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က ကျင်းပခဲ့သည်။
အဆိုပါ စာဖြေသံဃာတော်များ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့က ပူးပေါင်းဆောင်ရွက်ခဲ့ပြီး၊ မြို့နယ်ဩဝါဒစရိယဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌနှင့် အကျိုးတော်ဆောင်များနှင့် စာမေးပွဲကြီးကြပ်ရေးအဖွဲ့များက ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး၊ မကွေးမြို့နယ် စာဖြေဌာန၌ အစိုးရပါဠိပထမပြန် စာမေးပွဲကိုဖြေဆိုရက်နေ့စဉ် မွန်းလွှဲ ၁၂ နာရီ မှ ညနေ ၃ နာရီထိ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာ န၏ ညွှန်ကြား ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး စာဖြေဌာနတွင် စာဖြေသံဃာ ပထမကြီး၊ ပထမလတ်၊ ပထမငယ်နှင့်အခြေပြုမူလတန်းတို့မှ ရဟန်း(၃)ပါး၊သာမဏေ(၂၃)ပါး၊သီလရှင်(၆၇)ပါး၊ စုစုပေါင်း (၉၃) ပါး ဖြေဆိုကြကြောင်းသိရသည်။
အစိုးရ ပါဠိပထမပြန် စာမေးပွဲကို ဖြေဆိုကြသည့် စာဖြေသံဃာများ အနေဖြင့် ပထမကြီးတန်း ဒွေမာတိ ကာဓမ္မပဒ၊ ပထမလတ်တန်း ဒွေမာတိကာဓမ္မပဒ၊ ပထမငယ်တန်း ဒွေမာတိကာဓမ္မပဒ၊ အခြေပြု မူလတန်း ဘိက္ခုပါတိမောက် သုကုမာရမဂ္ဂဒီပနီ တို့ကို ဖြေဆိုသွားမည်ဖြစ်ပြီး၊ စာဖြေသံဃာ တော်များ နှင့် ကြီးကြပ်သံဃာတော်များ ဆွမ်း၊ကွမ်းနှင့် အထွေထွေဝေယျာဝစ္စတို့အတွက် တိုင်းဒေသ ကြီးစီမံ အုပ်ချုပ်ရေးကောင်စီမှ ငွေကျပ်(၄၅)သိန်းကို အကျိုးတော်ဆောင်များထံ ပံ့ပိုးလှူဒါန်းကာ စာမေးပွဲ ဖြေဆိုနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မောင်ညီညာ