ငွေဆောင် ဇွန် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ၊ငွေဆောင်မြို့၊ အမှတ်(၃)ရပ်ကွက် အတွင်းရှိ အ.ထ.ကငွေဆောင် အခြေခံပညာကျောင်း ဖွင့်လှစ်နေမှု အခြေအနေများအား မြို့အုပ်ချုပ်ရေးမှူး ဦးဝင်းကျော်နှင့်တာဝန်ရှိသူများ ကယနေ့နံနက်၁၀နာရီတွင် လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့စစ်ဆေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ဆိုင်ရာဆောင်ရွက်ထားမှု အခြေအနေများ၊ ကျောင်းသား၊ ကျောင်းသူများပညာသင်ကြားရာတွင် အေးချမ်းစွာပညာ သင်ကြားနိုင်ရေးအတွက် လုံခြုံရေး ချထားမှု အခြေအနေ များအားကြည့်ရှုစစ်ဆေးပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ခံကျောင်းအုပ်ဦးမြင့်ဦးမှ ပြန်လည်ဖြေကြား ပေးခဲ့သည်။
ငွေဆောင်မြို့အတွင်း အခြေခံပညာကျောင်းများဖွင့်လှစ်မှုအခြေအနေများအား မြို့အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့မှ လိုက်လံစစ်ဆေးလျှက်ရှိပြီး ကျန်ရှိနေသည့်ကျောင်း များအား ဆက်လက်စစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။
ငွေဆောင်(ပြန်/ဆက်)